စည်းကမ်းနှင့်သတ်မှတ်ချက်များ (Terms and Conditions)

၁။ အကောင့်ပိုင်ရှင် သို့မဟုတ် လျှောက်ထားသူသည် အဆောက်အအုံအသစ်များနှင့် တည်ဆောက်ပြီးအဆောက်အအုံများအတွက် Online စနစ်ဖြင့် မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်များ ရယူခြင်း၊ အကြံပြုချက်ရယူခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာစည်ပင်သာယာရေး ဥပဒေများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အခြားတည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များ စသည်တို့ကို လိုက်နာရမည်။

၂။ အကောင့်ပိုင်ရှင် သို့မဟုတ် လျှောက်ထားသူသည် Myanmar Fire Services Department Online System ပါအဆင့်တိုင်းတွင် လိုအပ်သောအချက်အလက်များအားလုံးကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းတင်ပြ လျှောက်ထားရမည်။

၃။ စက်ရုံ သို့မဟုတ် အဆောက်အအုံများအတွက် မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်ရယူရန်နှင့် အကြံပြုချက်များရယူရန်လျှောက်ထားချိန်တွင် ဒီဇိုင်းတွက်ချက်ရေးဆွဲခြင်းနှင့် မီးဘေးလုံခြုံရေးစနစ်များတပ်ဆင်ခြင်းတို့သည် မြန်မာနိုင်ငံမီးဘေးလုံခြုံရေးဆိုင်ရာစံချိန်စံညွှန်းသတ်မှတ်ချက်များ (၂၀၂၀) ပါသတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း သက်ဆိုင်ရာအင်ဂျင်နီယာကိုယ်တိုင် တာဝန်ခံ လက်မှတ်ရေးထိုး၍ တင်ပြရမည်။

၄။ ထိုသို့တာဝန်ခံလက်မှတ်ရေးထိုးရာတွင် မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့၏ ဥပဒေ၊ နည်းဥပဒေများနှင့် အခါအားလျော်စွာထုတ်ပြန်သည့် အမိန့် ကြော်ငြာစာများ၊ အဆောက်အအုံများတွင် မီးဘေးလုံခြုံရေးပစ္စည်းကိရိယာများနှင့်စနစ်များတပ်ဆင်နိုင်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှသတ်မှတ်ခွင့်ပြုပေးထားသည့် တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် (သို့မဟုတ်) လိုင်စင်ရရှိထားသူ ဗိသုကာများ၊ အင်ဂျင်နီယာ များသာ လက်မှတ်ရေးထိုးခွင့်ရှိသည်။

၅။  Myanmar Fire Services Department Online System အားအသုံးပြု၍ လျှောက်ထားရာ တွင် ပူးတွဲတင်ပြရသည့် အချက်အလက်များ၊ Drawing များ၊ အသိအမှတ်ပြုလိုင်စင်များ၊ စာရွက် စာတမ်းများအားလုံးသည် ပြည့်စုံမှန်ကန်မှုရှိကြောင်းနှင့် သက်ဆိုင်ရာလူ/ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ အသုံးပြုရန်ခွင့်ပြုချက်ရယူပြီးမှသာ အကောင့်ပိုင်ရှင် သို့မဟုတ် လျှောက်ထားသူမှ တာဝန်ခံ/ယူ လျှောက်ထားတင်ပြရမည်။

၆။ အကောင့်ပိုင်ရှင်သည် မိမိအကောင့်၏လုံခြုံမှုအား ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ပြီး အခြားသူများမှခိုးယူသုံးစွဲခြင်း မရှိစေရန်အထူးဂရုပြုထိန်းသိမ်းရမည်။ အကယ်၍ လိမ်လည်လျှောက်ထား ခြင်းကိစ္စရပ်များဖြစ်ပွားလာပါက အကောင့်ပိုင်ရှင်မှသာ အပြည့်အဝတာဝန်ယူရမည်ဖြစ်သည်။ မည်သည့်ချိုးဖောက်မှုတစ်စုံတစ်ရာ သို့မဟုတ် သံသယဖြစ်ဖွယ်တစ်စုံတစ်ရာတွေ့ရှိပါက မီးသတ်ဦးစီး ဌာနသို့ ချက်ချင်းအကြောင်းကြားရမည်။

၇။ မီးသတ်ဦးစီးဌာနမှ အသုံးပြုသူအကောင့်နှင့်ပတ်သက်၍သံသယဖြစ်ဖွယ်တစ်စုံတစ်ရာတွေ့ရှိ ခြင်း၊ အချက်အလက်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လိမ်လည်လွဲမှား၍ ဖြည့်သွင်းထားကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါအကောင့်၏အသုံးပြုခွင့်အား အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားမည်။

၈။ Myanmar Fire Services Department Online System နှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံ တစ်ရာဖြစ်ပွားပေါ်ပေါက်ပါက မီးသတ်ဦးစီးဌာန၏ဆုံးဖြတ်ချက်သာအတည်ဖြစ်သည်။

၉။ Myanmar Fire Services Department Online System နှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များအပေါ် လိုက်နာရန်ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါကမီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေ၊ သက်ဆိုင်ရာတည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်သည်။

© Myanmar Fire Services Department. 2024 All Right Reserved. Powered by MISL